Monday, 24 November 2014

Android Phone ပျောက်သွားလား? ဒီနည်းတွေနဲ့ ရှာပါ

Post By အိုင်တီတောသူလေး 24 Nov 2014



Android Phone ရဲ့ တည်နေရာကို ခြေရာခံနိုင်တဲ့ Apps တွေများစွာရှိသလို Google က သူ့ရဲ့ ကိုယ်ပိုင် Find My Phone Feature ဖြစ်တဲ့ Android Device Manager ကို Android Phone တွေမှာ မကြာမီ က ထည့်သွင်းပေးခဲ့ပါတယ်။ Google ရဲ့ Find My Phone Feature ကို အသုံးပြုခြင်းဖြင့် တစ်ခြား Apps တွေကို အသုံးပြုစရာမလိုတော့ပါဘူး။ သင့်ဖုန်းပျောက်သွားရင် ဖုန်းရဲ့ တည်နေရာ ကို ခြေရာခံနိုင်သလို၊ ဖုန်းကို Lock လုပ်တာ၊ ဖုန်းမှာသိမ်းထားတဲ့ အရေးကြီးဒေတာတွေကို Wipe လုပ်တာတွေကို Google အကောင့်ကို အသုံးပြုပြီးပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် Google ရဲ့ Find My Phone Feature က ဖုန်းမပျောက်ခင် ကြိုတင် Set Up လုပ်ထားရတာဖြစ်ပါတယ်။ Google ရဲ့ Find My Phone Feature ကို Set Up မလုပ်ထားမိရင် ဒါမှမဟုတ် တစ်ခြား Tracking Apps တွေကို ဖုန်းမှာ အင်စတောမလုပ်ထားမိဘူးဆိုရင်လည်း သင့်ဖုန်းကို ပြန်ရှာနိုင်တဲ့ အခွင့်အရေးတော့ ရှိပါသေးတယ်။

တစ်ခုမှတ်ထားရမှာက ပျောက်သွားတဲ့ သင့်ဖုန်းဟာ WiFi ဒါမှမဟုတ် Mobile Connection တစ်ခုခုကို ချိတ်ဆက်နေမှသာ ဖုန်းရဲ့တည်နေရာ ကိုခြေရာခံနိုင်တာတွေ၊ Lock , Wipe လုပ်တာတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။


Android Device Manager
----------------------------
Google က Android Device Manager ကို Android 2.2 နဲ့ သူ့အထက်ကဖုန်းတွေအားလုံးမှာထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ Android Device Manager ကို အသုံးပြုခြင်းဖြင့် တစ်ခြား Apps တွေကို အသုံးပြုစရာမလိုတော့ သလို သီးခြား အကောင့်တွေလည်းပြုလုပ်စရာမလိုတော့ပါဘူး။ သင့်ဖုန်းပျောက်သွားရင် Android Device Manager ၀က်ဆိုက်ကိုသွားပါ။ သင့် Google အကောင့်နဲ့ Sign In ၀င်ပြီး ပျောက်သွားတဲ့ဖုန်းကို ပြန်ရှာနိုင်ပါပြီ။ Android အသုံးပြုသူတော်တော်များများ အတွက်တော့ Google ရဲ့ ၀န်ဆောင်မှုက အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။


Android Device Manager ကို အသုံးပြုဖို့အတွက် သင့်ဖုန်း က App Drawer ကိုဖွင့်ပြီး Google Settings App ကို ဖွင့်ပါ။ Android Device Manager ကို တစ်ချက်နှိပ်ပါ။ “Remotely locate this device” Option မှာ အမှန်ခြစ်ပေးပါ။ Lock , Factory Reset စတာတွေပါပြုလုပ်ချင်ရင် “Allow remote lock and factory reset” မှာ အမှန်ခြစ်ပေးပါ။ ဒါဆိုရင် သင့်ဖုန်း မှာ Android Device Manager ကို Set Up လုပ်ပြီးပါပြီ။


သင့်ဖုန်းပျောက်သွားခဲ့ရင် www.google.com/android/devicemanager ၀က်ဆိုက်ကိုသွား ပြီး ဖုန်းတည်နေရာကို မြေပုံမှာ ရှာဖွေနိုင်ပါတယ်။ ဖုန်းက အနီးအနားမှာပျောက်နေတယ်လို့ယူဆရင် Ring သံမြည်အောင် ပြုလုပ်နိုင်ပါတယ်။ ဖုန်းကို Lock ချနိုင်သလို သင့်ရဲ့ အရေးကြီး ဒေတာတွေကို ဖျက်ပစ်ဖို့အတွက် Erase ကို အသုံးပြုနိုင်ပါတယ်။


Android Device Manager ကို Set Up မလုပ်ထားမိရင် ဒါမှမဟုတ် တစ်ခြား Tracking Apps တွေကို အင်စတော မလုပ်ထားမိရင်
----------------------------------------------------------------------------
သင့်ဖုန်းမှာ Android Device Manager ကို Set Up မလုပ်ထားမိဘူးဆိုရင် ဒါမှမဟုတ် တစ်ခြား Tracking App တွေကို အင်စတော မလုပ်ထားမိဘူးဆိုရင် လည်း သင့်ဖုန်းကိုပြန်ရှာနိုင်တဲ့အခွင့်အရေးရှိပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဖုန်းပျောက်သွားပြီး မှ Tracking App တစ်ခုကို Google Play Store ကနေ Remote Install ပြုလုပ်နိုင်လို့ဖြစ်ပါတယ်။ Android အတွက် Tracking App တွေများစွာရှိပြီး သင့်ဖုန်းနဲ့ Compatible ဖြစ်တဲ့ App ကို Google Play Store မှာရှာပြီး Remote Install ပြုလုပ်နိုင်ပါတယ်။ နာမည်ကြီးတဲ့ Tracking Apps တွေက Android Lost, Lookout Plan B , Prey, Cerberus စတာတွေအပြင် Google Play Store မှာ များစွာရှိပါတယ်။ ဒီဆောင်းပါးမှာတော့ Android Lost ကို သုံးပါမယ်။Android Lost က android 2.2 နဲ့ သူ့အထက်ကဖုန်းတွေမှာ အလုပ်လုပ်ပေးနိုင်တဲ့အတွက် ဖုန်းတော်တော်များများနဲ့  အဆင်ပြေပါတယ်။ 


Android Lost
----------------
Google Play Store မှာ Android Lost ကို အင်စတောလုပ်ပါ။ ။ သင့်ဖုန်းနဲ့ Incompatible ဖြစ်တယ်လို့ Message ပြရင် VPNium ,TunnelBear,Ultrasurf တို့ လို Proxy ကျော်တဲ့ ဆော့ဝဲသုံးပါ။


အင်စတောလုပ်ပြီးရင် တစ်ခြားဖုန်း တစ်ခု ကနေ သင့်ဖုန်းကို androidlost register လို့ ရိုက်ပြီး Message ပို့ ပေးပါ။ 


ပြီးရင် www.androidlost.com ၀က်ဆိုက်ကို သွားပြီး Google Account နဲ Sign In ၀င်ပါ။ သင့်ဖုန်းကို Map မှာရှာနိုင်တာတွေ ၊ Lock လုပ်နိုင်တာတွေ ၊ Wipe လုပ်နိုင်တာတွေ၊ Front Facing Camera ကနေ ပုံရိုက်ပေးတာတွေ၊ SD Card ကို Wipe လုပ်တာတွေ ၊ Alarm မြည်အောင်လုပ်နိုင်တာတွေ စတာတွေကို ပြုလုပ်နိုင်ပါတယ်။



သင့်ဖုန်း မှာ Android Lost ကို Remote Install လုပ်ဖို့ နဲ့  Register လုပ်ဖို့  သင့်ဖုန်းမှာ Google Account ရှိရပါမယ်။ သင့်ဖုန်း Power On နေရပါမယ် ။ သင့်ဖုန်းမှာ ကွန်နက်ရှင်ရှိနေရပါမယ်။ အောက်ကပုံမှာလို သင့် ဖုန်း က Register လုပ်တာကို စောင့်နေပါတယ် ဆို တဲ့ Message ပေါ်နေရင်တော့ Register လုပ်ပြီးတဲ့အထိစောင့်ပေးပါ။ Play Store ကနေ Remote Install မကြာခဏပြန်လုပ်ပေးပါ။ SMS ပို့ ပြီး Register မကြာခဏပြန်လုပ်ပေးပါ။



ဘယ်နည်းကို အသုံးပြုရမလဲ?
-----------------------------
Android Device Manager
-----------------------------
Android Device Manager ဟာ Google ရဲ့ အခမဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။ ဒါပေမယ့် Android Device Manager မှာ Advanced Feature တွေမပါရှိပါဘူး။ သာမာန်အသုံးပြုသူတွေအတွက်တော့ တစ်ခြား Tracking Apps တွေကို Download, Install လုပ်စရာမလိုဘဲ အသုံးပြုနိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။


Android Lost နဲ့ တစ်ခြား Tracking Apps များ
------------------------------------------------
သင့်ဖုန်းပျောက်သွားပြီးမှ ဖုန်းကိုခြေရာခံချင်ရင်တော့ Android Lost နဲ့ တစ်ခြား Apps တွေကို Remote Install ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ ဖုန်းမပျောက်ခင်မှာလည်း Tracking App တွေကို စမ်းသပ်အသုံးပြုကြည့်ပြီး သင့်ဖုန်းနဲ့ အဆင်ပြေတဲ့ အကောင်းဆုံး App တစ်ခုကို ရွေးချယ် အင်စတော ပြုလုပ်ထားရင်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။



အိုင်တီတောသူလေး

မိမိမွေးနေ့ အားမြန်မာလို သိချင်သူများအတွက် 

Post By အိုင်တီတောသူလေး 24 Nov 2014


https://6885131898aff4b870269af7dd32976d97cca04b.googledrive.com/host/0B7WW8_JrpDFXTHRHbUJkV0FBdFU/


အိုင်တီတောသူလေး

Galaxy Note II GT-N7100 v-4.4.2 firmware (N7100XXUFNI2)

  Post By အိုင်တီတောသူလေး 24 Nov 2014

 


ဒီနေ့ ထွက် Updateထွက်ရှိတဲ့  Note II GT-N7100 v-4.4.2 firmwareများတင်ပြပေးလိုက်ပါတယ်



အိုင်တီတောသူလေး 

Sunday, 23 November 2014

Android ဖုန်းလေးလံနှေးကွေးရခြင်းအကြောင်းအရင်းများ

Photo: Android ဖုန်းလေးလံနှေးကွေးရခြင်းအကြောင်းအရင်းများ
==========================================

အရင်ဆုံး Memory Stroage အကြောင်းလေးကို ပြောပြချင်ပါတယ်။ Memory stroage လို့ပြောလိုက်ရင် အရင်ဆုံး အလွယ်ပြေးမြင်လို့ရတာ SD Card ပါ။ တကယ်တော့ SD Card ဆိုတာ Memory Stroage လို့ပြောလို့ရပေမဲ့ ဖုန်းရဲ့ ROM ပိုင်း System ပိုင်းတွေနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိပါဘူး။ 

အပိုထည့်သွင်းထားတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ ပိုပြီး မြင်သာသွားအောင် ပြောရရင် SD Card မပါလဲ ဖုန်းဟာ ဆက်ပြီး အလုပ်လုပ်နေဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလက်ရှိ သုံးနေကြတဲ့ ဖုန်းတွေဟာ ဖုန်းထုတ်လုပ်တည်းကပါတဲ့ Bulit in memory ပါဝင်ပါတယ်။ အဲဒီ Build in memory ပေါ်မှာသာ ROM ကိုတင်ပြီး အသုံးပြုနေရခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် ဖုန်းဝယ်သူ တော်တော်များများဟာ SD Card ဘယ်လောက်စိုက်လို့ရလဲ ဘယ်လောက်ပါလဲဆိုတာကိုပဲ ကြည့်လေ့ရှိကြပါတယ်။ 

Build in memory ဘယ်လောက်ပါလဲဆိုတာကို ကြည့်လေ့မရှိကြပါဘူး။ ဒီတော့ အဲဒီ Build in memory ပေါ်မှာ ROM တင်ထားတာ ဖြစ်တယ်ဆိုတာသိရင် ဖုန်းဘာကြောင့် လေးရလဲဆိုတာကို အလွယ်ပြောလို့ ရပါပြီ။ အဲဒီ Build in memory ပြည့်လုနီးနီး ဖြစ်သွားတာ (သို့) အဲဒီထဲက File တွေ ရှုပ်ထွေးနေတာလို့ ပြောရင်ရပါပြီ။ ဥပမာ - Build in memory 1 GB ပါတဲ့ ဖုန်းကို ၀ယ်လိုက်တယ်ဆိုပါစို့ ၊ တင်ထားတဲ့ ROM က တ၀က်ကျော်ကျော်လောက်ကို ကျိမ်းသေ နေရာယူပါတယ်။

 ပြောရရင် ဖုန်းရဲ့ Build in memory က  ၀ယ်ကတည်းက တ၀က်ကျော်ကျော် သုံးထားပြီးသား ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဆက်ပြီးသုံးမယ်ဆို ပြည့်ပြည့်သွားခြင်း ၊ ရှုပ်ထွေးခြင်းတွေ ဖြစ်သွားတဲ့အတွက် ဖုန်းတွေ လေးလံနှေးကွေးရခြင်း ဖြစ်ပါတယ်။

နောက်ထပ်ဖြစ်လာမဲ့ မေးခွန်းတစ်ခုကတော့ ဘာကြောင့် Built in memory ကပြည့်သွားရတာလဲ ဆိုတာပါ။ ဒါကတော့ အမျိုးမျိုး ဖြစ်နိုင်ပေမဲ့ အကြမ်းဖြင့်အားဖြင့် အောက်ပါအချက်များကြောင့် အဖြစ်များလေ့ရှိပါတယ်။

၁) Application တွေ ခဏခဏတင်ခြင်း၊ ဖျက်ခြင်း Built in memory ထဲမှာ သိုလှောင်ထားတဲ့ အပိုင်းမှာ App တွေတင်ရင် ကိုယ်မသိလိုက်ဘဲ အလိုအလျောက် နောက်ကွယ် Build in memory ထဲမှာ Data File တွေဖွင့်သွားတတ်ပါတယ်။ တစ်ချို့ App တွေဆိုရင် Uninstall ပြန်လုပ်ပေမယ့်လည်း ဆက်ပြီးတော့ Data တွေကျန်ခဲ့တာမျိုး ရှိပါတယ်။ (SD Card ထဲကို Install လုပ်ထားတဲ့ App တွေဆိုရင်တော့ ပြဿနာရှိမှာ မဟုတ်ပါဘူး)

၂) Game ဆော့များခြင်းက ကိုယ်ရဲ့ ဆော့လက်စ ဂိမ်းတွေက ဘယ်အခန်းရောက်ပြီ၊ ဘယ်အချိန်က နောက်ဆုံး ဆော့ထားတာ စတဲ့ အချက်အလက်တွေကို ဘယ်နေရာမှာ သိမ်းထားတယ်ထင်လဲ။ စဉ်းစားကြည့်လိုက်ပါ။ Game တစ်ခုကိုထည့်ရင် 1 MB ရှိတယ်ဆိုပါစို့၊ ဒါဟာ လုံးဝ မဆော့ရသေးခင် အချိန်မှာပါ။ ဆော့ပြီးသွားရင်တော့ ဆော့လက်စ အခန်းတွေ ပုံတွေ ဒါတွေကို သက်သက်သိမ်းထားရတဲ့ Data File တွေထပ်တိုးလာပါတယ်။ ဒါကြောင့် Built in memory မှာပိုများပြီး ကျပ်ညပ်လာတတ်တာမျိုးလဲ ဖြစ်တတ်ပါတယ်။

၃) SD Card မသုံးခြင်းအပေါ်က အချက်တွေကို ဖြေရှင်းမဲ့နည်းကတော့ SD Card သုံးထားရင် သက်သာစေပါတယ်။ မိမိဆော့တဲ့ Game File တွေ တင်ထားတဲ့ App တွေ စသည့် Data တွေကို SD Card ထဲမှာ ရွေ့ပြီး သိမ်းလိုက်မယ်ဆိုရင် Built in memory အသုံးပြုခြင်း လျော့နည်းစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ App တွေဟာ Built in memory ကလွဲရင် SD Card ထဲကို ရွေ့ပြောင်းခြင်း ခွင့်မပြုပါဘူး။

ဒါကြောင့် အတိုချုံပြီး ပြောရရင် SD Card ထဲကို App တွေ Game တွေကို စကတည်း Install လုပ်ထားသင့်ပါတယ်။

ဒီတော့ နောက်ဆုံး အဲလိုဖြစ်လာပြီ။ လေးလာပြီ နှေးလာပြီဆိုရင် မိမိဖုန်းကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကအချက်ပါ။

၁) အဲလိုလေးလံလာရင် မိမိဖုန်းရဲ့ Build in memory ဘယ်လောက်ကျန်သေးလဲဆိုတာကို အရင်ဝင်စစ်ကြည့်ပါ။ Setting အောက်က App အောက်မှာ ၀င်ရောက်ကြည့်ရင် တွေ့ရပါလိမ့်မည်။ App ထဲမှာ MB အများဆုံးတွေကို Clear Cache လုပ်ပါ။

၂) တစ်ခုခြင်း ရှင်းတာ တောင်မရတော့ဘူးဆိုရင်တော့ နောက်ဆုံး ဘာလုပ်လို့ရနိုင်မလဲဆိုတာက ရိုးရှင်းပါတယ်။ Factory Restart ချလိုက်ရုံပါပဲ။ Setting ထဲက Backup & Reset အောက်မှာဝင်ပြီး Factory data reset ချလိုက်ရင် ဖုန်းက ၀ယ်လာတဲ့အတိုင်း ပြန်ဖြစ်သွားပြီး Built in memory ထဲက Data တွေအကုန်ရှင်းသွားပါလိမ့်မယ်။ ဒါပေမယ့် ကြိုတင်သိထားရမှာက တင်ထားသမျှ ဂိမ်းတွေနဲ့ App တွေ Contact List တွေ SD Card ထဲကမဟုတ်တာ မှန်သမျှ အကုန်ကုန်ပါလိမ့်မယ်။

ဒီလိုမကုန်အောင် ဘယ်လို Backup ဆွဲထားမလဲ ဆိုတာကတော့ မိမိအိမ်မှာ Computer နဲ့ဆိုရင်တော့ ပိုပြီး အဆင်ပြေနိုင်ပေမဲ့ ဖုန်းထဲမှာတော့ ခက်ခဲပါလိမ့်မယ်။ လုပ်ဆောင်ရမှာက ရှိသမျှ လိုသမျှတွေ Backup ဆွဲမယ်။ ပြီးရင် Factory data reset ချမယ်။ ပြီးရင် Backup လုပ်ထားတဲ့ဟာတွေကို Restore ပြန်ခေါ်လိုက်ရင် အဆင်ပြေပါပြီ။

Credit: Originl Aurthor 
Source : Internet
အရင်ဆုံး Memory Stroage အကြောင်းလေးကို ပြောပြချင်ပါတယ်။ Memory stroage လို့ပြောလိုက်ရင် အရင်ဆုံး အလွယ်ပြေးမြင်လို့ရတာ SD Card ပါ။ တကယ်တော့ SD Card ဆိုတာ Memory Stroage လို့ပြောလို့ရပေမဲ့ ဖုန်းရဲ့ ROM ပိုင်း System ပိုင်းတွေနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိပါဘူး။


အပိုထည့်သွင်းထားတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ ပိုပြီး မြင်သာသွားအောင် ပြောရရင် SD Card မပါလဲ ဖုန်းဟာ ဆက်ပြီး အလုပ်လုပ်နေဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလက်ရှိ သုံးနေကြတဲ့ ဖုန်းတွေဟာ ဖုန်းထုတ်လုပ်တည်းကပါတဲ့ Bulit in memory ပါဝင်ပါတယ်။ အဲဒီ Build in memory ပေါ်မှာသာ ROM ကိုတင်ပြီး အသုံးပြုနေရခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် ဖုန်းဝယ်သူ တော်တော်များများဟာ SD Card ဘယ်လောက်စိုက်လို့ရလဲ ဘယ်လောက်ပါလဲဆိုတာကိုပဲ ကြည့်လေ့ရှိကြပါတယ်။ 


Build in memory ဘယ်လောက်ပါလဲဆိုတာကို ကြည့်လေ့မရှိကြပါဘူး။ ဒီတော့ အဲဒီ Build in memory ပေါ်မှာ ROM တင်ထားတာ ဖြစ်တယ်ဆိုတာသိရင် ဖုန်းဘာကြောင့် လေးရလဲဆိုတာကို အလွယ်ပြောလို့ ရပါပြီ။ အဲဒီ Build in memory ပြည့်လုနီးနီး ဖြစ်သွားတာ (သို့) အဲဒီထဲက File တွေ ရှုပ်ထွေးနေတာလို့ ပြောရင်ရပါပြီ။ ဥပမာ - Build in memory 1 GB ပါတဲ့ ဖုန်းကို ၀ယ်လိုက်တယ်ဆိုပါစို့ ၊ တင်ထားတဲ့ ROM က တ၀က်ကျော်ကျော်လောက်ကို ကျိမ်းသေ နေရာယူပါတယ်။


ပြောရရင် ဖုန်းရဲ့ Build in memory က ၀ယ်ကတည်းက တ၀က်ကျော်ကျော် သုံးထားပြီးသား ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဆက်ပြီးသုံးမယ်ဆို ပြည့်ပြည့်သွားခြင်း ၊ ရှုပ်ထွေးခြင်းတွေ ဖြစ်သွားတဲ့အတွက် ဖုန်းတွေ လေးလံနှေးကွေးရခြင်း ဖြစ်ပါတယ်။


နောက်ထပ်ဖြစ်လာမဲ့ မေးခွန်းတစ်ခုကတော့ ဘာကြောင့် Built in memory ကပြည့်သွားရတာလဲ ဆိုတာပါ။ ဒါကတော့ အမျိုးမျိုး ဖြစ်နိုင်ပေမဲ့ အကြမ်းဖြင့်အားဖြင့် အောက်ပါအချက်များကြောင့် အဖြစ်များလေ့ရှိပါတယ်။


၁) Application တွေ ခဏခဏတင်ခြင်း၊ ဖျက်ခြင်း Built in memory ထဲမှာ သိုလှောင်ထားတဲ့ အပိုင်းမှာ App တွေတင်ရင် ကိုယ်မသိလိုက်ဘဲ အလိုအလျောက် နောက်ကွယ် Build in memory ထဲမှာ Data File တွေဖွင့်သွားတတ်ပါတယ်။ တစ်ချို့ App တွေဆိုရင် Uninstall ပြန်လုပ်ပေမယ့်လည်း ဆက်ပြီးတော့ Data တွေကျန်ခဲ့တာမျိုး ရှိပါတယ်။ (SD Card ထဲကို Install လုပ်ထားတဲ့ App တွေဆိုရင်တော့ ပြဿနာရှိမှာ မဟုတ်ပါဘူး)


၂) Game ဆော့များခြင်းက ကိုယ်ရဲ့ ဆော့လက်စ ဂိမ်းတွေက ဘယ်အခန်းရောက်ပြီ၊ ဘယ်အချိန် က နောက်ဆုံး ဆော့ထားတာ စတဲ့ အချက်အလက်တွေကို ဘယ်နေရာမှာ သိမ်းထားတယ်ထင်လဲ။ စဉ်းစား ကြည့်လိုက်ပါ။ Game တစ်ခုကိုထည့်ရင် 1 MB ရှိတယ်ဆိုပါစို့၊ ဒါဟာ လုံးဝ မဆော့ရသေးခင် အချိန်မှာပါ။ ဆော့ပြီးသွားရင်တော့ ဆော့လက်စ အခန်းတွေ ပုံတွေ ဒါတွေကို သက်သက်သိမ်းထားရတဲ့ Data File တွေထပ်တိုးလာပါတယ်။ ဒါကြောင့် Built in memory မှာပိုများပြီး ကျပ်ညပ်လာတတ်တာ မျိုးလဲ ဖြစ်တတ်ပါတယ်။


၃) SD Card မသုံးခြင်းအပေါ်က အချက်တွေကို ဖြေရှင်းမဲ့နည်းကတော့ SD Card သုံးထားရင် သက်သာစေပါတယ်။ မိမိဆော့တဲ့ Game File တွေ တင်ထားတဲ့ App တွေ စသည့် Data တွေကို SD Card ထဲမှာ ရွေ့ပြီး သိမ်းလိုက်မယ်ဆိုရင် Built in memory အသုံးပြုခြင်း လျော့နည်းစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ App တွေဟာ Built in memory ကလွဲရင် SD Card ထဲကို ရွေ့ပြောင်းခြင်း ခွင့်မပြုပါဘူး။


ဒါကြောင့် အတိုချုံပြီး ပြောရရင် SD Card ထဲကို App တွေ Game တွေကို စကတည်း Install လုပ်ထား သင့်ပါတယ်။


ဒီတော့ နောက်ဆုံး အဲလိုဖြစ်လာပြီ။ လေးလာပြီ နှေးလာပြီဆိုရင် မိမိဖုန်းကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကအချက်ပါ။


၁) အဲလိုလေးလံလာရင် မိမိဖုန်းရဲ့ Build in memory ဘယ်လောက်ကျန်သေးလဲဆိုတာကို အရင်ဝင်စစ်ကြည့်ပါ။ Setting အောက်က App အောက်မှာ ၀င်ရောက်ကြည့်ရင် တွေ့ရပါလိမ့်မည်။ App ထဲမှာ MB အများဆုံးတွေကို Clear Cache လုပ်ပါ။


၂) တစ်ခုခြင်း ရှင်းတာ တောင်မရတော့ဘူးဆိုရင်တော့ နောက်ဆုံး ဘာလုပ်လို့ရနိုင်မလဲဆိုတာက ရိုးရှင်းပါတယ်။ Factory Restart ချလိုက်ရုံပါပဲ။ Setting ထဲက Backup & Reset အောက်မှာဝင်ပြီး Factory data reset ချလိုက်ရင် ဖုန်းက ၀ယ်လာတဲ့အတိုင်း ပြန်ဖြစ်သွားပြီး Built in memory ထဲက Data တွေအကုန်ရှင်းသွားပါလိမ့်မယ်။ ဒါပေမယ့် ကြိုတင်သိထားရမှာက တင်ထားသမျှ ဂိမ်းတွေနဲ့ App တွေ Contact List တွေ SD Card ထဲကမဟုတ်တာ မှန်သမျှ အကုန်ကုန်ပါလိမ့်မယ်။


ဒီလိုမကုန်အောင် ဘယ်လို Backup ဆွဲထားမလဲ ဆိုတာကတော့ မိမိအိမ်မှာ Computer နဲ့ဆိုရင်တော့ ပိုပြီး အဆင်ပြေနိုင်ပေမဲ့ ဖုန်းထဲမှာတော့ ခက်ခဲပါလိမ့်မယ်။ လုပ်ဆောင်ရမှာက ရှိသမျှ လိုသမျှတွေ Backup ဆွဲမယ်။ ပြီးရင် Factory data reset ချမယ်။ ပြီးရင် Backup လုပ်ထားတဲ့ဟာတွေကို Restore ပြန်ခေါ် လိုက်ရင် အဆင်ပြေပါပြီ။

Blogger templates