Monday, 24 November 2014

Android Phone ပျောက်သွားလား? ဒီနည်းတွေနဲ့ ရှာပါ

Post By အိုင်တီတောသူလေး 24 Nov 2014



Android Phone ရဲ့ တည်နေရာကို ခြေရာခံနိုင်တဲ့ Apps တွေများစွာရှိသလို Google က သူ့ရဲ့ ကိုယ်ပိုင် Find My Phone Feature ဖြစ်တဲ့ Android Device Manager ကို Android Phone တွေမှာ မကြာမီ က ထည့်သွင်းပေးခဲ့ပါတယ်။ Google ရဲ့ Find My Phone Feature ကို အသုံးပြုခြင်းဖြင့် တစ်ခြား Apps တွေကို အသုံးပြုစရာမလိုတော့ပါဘူး။ သင့်ဖုန်းပျောက်သွားရင် ဖုန်းရဲ့ တည်နေရာ ကို ခြေရာခံနိုင်သလို၊ ဖုန်းကို Lock လုပ်တာ၊ ဖုန်းမှာသိမ်းထားတဲ့ အရေးကြီးဒေတာတွေကို Wipe လုပ်တာတွေကို Google အကောင့်ကို အသုံးပြုပြီးပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် Google ရဲ့ Find My Phone Feature က ဖုန်းမပျောက်ခင် ကြိုတင် Set Up လုပ်ထားရတာဖြစ်ပါတယ်။ Google ရဲ့ Find My Phone Feature ကို Set Up မလုပ်ထားမိရင် ဒါမှမဟုတ် တစ်ခြား Tracking Apps တွေကို ဖုန်းမှာ အင်စတောမလုပ်ထားမိဘူးဆိုရင်လည်း သင့်ဖုန်းကို ပြန်ရှာနိုင်တဲ့ အခွင့်အရေးတော့ ရှိပါသေးတယ်။

တစ်ခုမှတ်ထားရမှာက ပျောက်သွားတဲ့ သင့်ဖုန်းဟာ WiFi ဒါမှမဟုတ် Mobile Connection တစ်ခုခုကို ချိတ်ဆက်နေမှသာ ဖုန်းရဲ့တည်နေရာ ကိုခြေရာခံနိုင်တာတွေ၊ Lock , Wipe လုပ်တာတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။


Android Device Manager
----------------------------
Google က Android Device Manager ကို Android 2.2 နဲ့ သူ့အထက်ကဖုန်းတွေအားလုံးမှာထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ Android Device Manager ကို အသုံးပြုခြင်းဖြင့် တစ်ခြား Apps တွေကို အသုံးပြုစရာမလိုတော့ သလို သီးခြား အကောင့်တွေလည်းပြုလုပ်စရာမလိုတော့ပါဘူး။ သင့်ဖုန်းပျောက်သွားရင် Android Device Manager ၀က်ဆိုက်ကိုသွားပါ။ သင့် Google အကောင့်နဲ့ Sign In ၀င်ပြီး ပျောက်သွားတဲ့ဖုန်းကို ပြန်ရှာနိုင်ပါပြီ။ Android အသုံးပြုသူတော်တော်များများ အတွက်တော့ Google ရဲ့ ၀န်ဆောင်မှုက အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။


Android Device Manager ကို အသုံးပြုဖို့အတွက် သင့်ဖုန်း က App Drawer ကိုဖွင့်ပြီး Google Settings App ကို ဖွင့်ပါ။ Android Device Manager ကို တစ်ချက်နှိပ်ပါ။ “Remotely locate this device” Option မှာ အမှန်ခြစ်ပေးပါ။ Lock , Factory Reset စတာတွေပါပြုလုပ်ချင်ရင် “Allow remote lock and factory reset” မှာ အမှန်ခြစ်ပေးပါ။ ဒါဆိုရင် သင့်ဖုန်း မှာ Android Device Manager ကို Set Up လုပ်ပြီးပါပြီ။


သင့်ဖုန်းပျောက်သွားခဲ့ရင် www.google.com/android/devicemanager ၀က်ဆိုက်ကိုသွား ပြီး ဖုန်းတည်နေရာကို မြေပုံမှာ ရှာဖွေနိုင်ပါတယ်။ ဖုန်းက အနီးအနားမှာပျောက်နေတယ်လို့ယူဆရင် Ring သံမြည်အောင် ပြုလုပ်နိုင်ပါတယ်။ ဖုန်းကို Lock ချနိုင်သလို သင့်ရဲ့ အရေးကြီး ဒေတာတွေကို ဖျက်ပစ်ဖို့အတွက် Erase ကို အသုံးပြုနိုင်ပါတယ်။


Android Device Manager ကို Set Up မလုပ်ထားမိရင် ဒါမှမဟုတ် တစ်ခြား Tracking Apps တွေကို အင်စတော မလုပ်ထားမိရင်
----------------------------------------------------------------------------
သင့်ဖုန်းမှာ Android Device Manager ကို Set Up မလုပ်ထားမိဘူးဆိုရင် ဒါမှမဟုတ် တစ်ခြား Tracking App တွေကို အင်စတော မလုပ်ထားမိဘူးဆိုရင် လည်း သင့်ဖုန်းကိုပြန်ရှာနိုင်တဲ့အခွင့်အရေးရှိပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဖုန်းပျောက်သွားပြီး မှ Tracking App တစ်ခုကို Google Play Store ကနေ Remote Install ပြုလုပ်နိုင်လို့ဖြစ်ပါတယ်။ Android အတွက် Tracking App တွေများစွာရှိပြီး သင့်ဖုန်းနဲ့ Compatible ဖြစ်တဲ့ App ကို Google Play Store မှာရှာပြီး Remote Install ပြုလုပ်နိုင်ပါတယ်။ နာမည်ကြီးတဲ့ Tracking Apps တွေက Android Lost, Lookout Plan B , Prey, Cerberus စတာတွေအပြင် Google Play Store မှာ များစွာရှိပါတယ်။ ဒီဆောင်းပါးမှာတော့ Android Lost ကို သုံးပါမယ်။Android Lost က android 2.2 နဲ့ သူ့အထက်ကဖုန်းတွေမှာ အလုပ်လုပ်ပေးနိုင်တဲ့အတွက် ဖုန်းတော်တော်များများနဲ့  အဆင်ပြေပါတယ်။ 


Android Lost
----------------
Google Play Store မှာ Android Lost ကို အင်စတောလုပ်ပါ။ ။ သင့်ဖုန်းနဲ့ Incompatible ဖြစ်တယ်လို့ Message ပြရင် VPNium ,TunnelBear,Ultrasurf တို့ လို Proxy ကျော်တဲ့ ဆော့ဝဲသုံးပါ။


အင်စတောလုပ်ပြီးရင် တစ်ခြားဖုန်း တစ်ခု ကနေ သင့်ဖုန်းကို androidlost register လို့ ရိုက်ပြီး Message ပို့ ပေးပါ။ 


ပြီးရင် www.androidlost.com ၀က်ဆိုက်ကို သွားပြီး Google Account နဲ Sign In ၀င်ပါ။ သင့်ဖုန်းကို Map မှာရှာနိုင်တာတွေ ၊ Lock လုပ်နိုင်တာတွေ ၊ Wipe လုပ်နိုင်တာတွေ၊ Front Facing Camera ကနေ ပုံရိုက်ပေးတာတွေ၊ SD Card ကို Wipe လုပ်တာတွေ ၊ Alarm မြည်အောင်လုပ်နိုင်တာတွေ စတာတွေကို ပြုလုပ်နိုင်ပါတယ်။



သင့်ဖုန်း မှာ Android Lost ကို Remote Install လုပ်ဖို့ နဲ့  Register လုပ်ဖို့  သင့်ဖုန်းမှာ Google Account ရှိရပါမယ်။ သင့်ဖုန်း Power On နေရပါမယ် ။ သင့်ဖုန်းမှာ ကွန်နက်ရှင်ရှိနေရပါမယ်။ အောက်ကပုံမှာလို သင့် ဖုန်း က Register လုပ်တာကို စောင့်နေပါတယ် ဆို တဲ့ Message ပေါ်နေရင်တော့ Register လုပ်ပြီးတဲ့အထိစောင့်ပေးပါ။ Play Store ကနေ Remote Install မကြာခဏပြန်လုပ်ပေးပါ။ SMS ပို့ ပြီး Register မကြာခဏပြန်လုပ်ပေးပါ။



ဘယ်နည်းကို အသုံးပြုရမလဲ?
-----------------------------
Android Device Manager
-----------------------------
Android Device Manager ဟာ Google ရဲ့ အခမဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။ ဒါပေမယ့် Android Device Manager မှာ Advanced Feature တွေမပါရှိပါဘူး။ သာမာန်အသုံးပြုသူတွေအတွက်တော့ တစ်ခြား Tracking Apps တွေကို Download, Install လုပ်စရာမလိုဘဲ အသုံးပြုနိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။


Android Lost နဲ့ တစ်ခြား Tracking Apps များ
------------------------------------------------
သင့်ဖုန်းပျောက်သွားပြီးမှ ဖုန်းကိုခြေရာခံချင်ရင်တော့ Android Lost နဲ့ တစ်ခြား Apps တွေကို Remote Install ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ ဖုန်းမပျောက်ခင်မှာလည်း Tracking App တွေကို စမ်းသပ်အသုံးပြုကြည့်ပြီး သင့်ဖုန်းနဲ့ အဆင်ပြေတဲ့ အကောင်းဆုံး App တစ်ခုကို ရွေးချယ် အင်စတော ပြုလုပ်ထားရင်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။



အိုင်တီတောသူလေး

မိမိမွေးနေ့ အားမြန်မာလို သိချင်သူများအတွက် 

Post By အိုင်တီတောသူလေး 24 Nov 2014


https://6885131898aff4b870269af7dd32976d97cca04b.googledrive.com/host/0B7WW8_JrpDFXTHRHbUJkV0FBdFU/


အိုင်တီတောသူလေး

Galaxy Note II GT-N7100 v-4.4.2 firmware (N7100XXUFNI2)

  Post By အိုင်တီတောသူလေး 24 Nov 2014

 


ဒီနေ့ ထွက် Updateထွက်ရှိတဲ့  Note II GT-N7100 v-4.4.2 firmwareများတင်ပြပေးလိုက်ပါတယ်



အိုင်တီတောသူလေး 

Sunday, 23 November 2014

Android ဖုန်းလေးလံနှေးကွေးရခြင်းအကြောင်းအရင်းများ

Photo: Android ဖုန်းလေးလံနှေးကွေးရခြင်းအကြောင်းအရင်းများ
==========================================

အရင်ဆုံး Memory Stroage အကြောင်းလေးကို ပြောပြချင်ပါတယ်။ Memory stroage လို့ပြောလိုက်ရင် အရင်ဆုံး အလွယ်ပြေးမြင်လို့ရတာ SD Card ပါ။ တကယ်တော့ SD Card ဆိုတာ Memory Stroage လို့ပြောလို့ရပေမဲ့ ဖုန်းရဲ့ ROM ပိုင်း System ပိုင်းတွေနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိပါဘူး။ 

အပိုထည့်သွင်းထားတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ ပိုပြီး မြင်သာသွားအောင် ပြောရရင် SD Card မပါလဲ ဖုန်းဟာ ဆက်ပြီး အလုပ်လုပ်နေဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလက်ရှိ သုံးနေကြတဲ့ ဖုန်းတွေဟာ ဖုန်းထုတ်လုပ်တည်းကပါတဲ့ Bulit in memory ပါဝင်ပါတယ်။ အဲဒီ Build in memory ပေါ်မှာသာ ROM ကိုတင်ပြီး အသုံးပြုနေရခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် ဖုန်းဝယ်သူ တော်တော်များများဟာ SD Card ဘယ်လောက်စိုက်လို့ရလဲ ဘယ်လောက်ပါလဲဆိုတာကိုပဲ ကြည့်လေ့ရှိကြပါတယ်။ 

Build in memory ဘယ်လောက်ပါလဲဆိုတာကို ကြည့်လေ့မရှိကြပါဘူး။ ဒီတော့ အဲဒီ Build in memory ပေါ်မှာ ROM တင်ထားတာ ဖြစ်တယ်ဆိုတာသိရင် ဖုန်းဘာကြောင့် လေးရလဲဆိုတာကို အလွယ်ပြောလို့ ရပါပြီ။ အဲဒီ Build in memory ပြည့်လုနီးနီး ဖြစ်သွားတာ (သို့) အဲဒီထဲက File တွေ ရှုပ်ထွေးနေတာလို့ ပြောရင်ရပါပြီ။ ဥပမာ - Build in memory 1 GB ပါတဲ့ ဖုန်းကို ၀ယ်လိုက်တယ်ဆိုပါစို့ ၊ တင်ထားတဲ့ ROM က တ၀က်ကျော်ကျော်လောက်ကို ကျိမ်းသေ နေရာယူပါတယ်။

 ပြောရရင် ဖုန်းရဲ့ Build in memory က  ၀ယ်ကတည်းက တ၀က်ကျော်ကျော် သုံးထားပြီးသား ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဆက်ပြီးသုံးမယ်ဆို ပြည့်ပြည့်သွားခြင်း ၊ ရှုပ်ထွေးခြင်းတွေ ဖြစ်သွားတဲ့အတွက် ဖုန်းတွေ လေးလံနှေးကွေးရခြင်း ဖြစ်ပါတယ်။

နောက်ထပ်ဖြစ်လာမဲ့ မေးခွန်းတစ်ခုကတော့ ဘာကြောင့် Built in memory ကပြည့်သွားရတာလဲ ဆိုတာပါ။ ဒါကတော့ အမျိုးမျိုး ဖြစ်နိုင်ပေမဲ့ အကြမ်းဖြင့်အားဖြင့် အောက်ပါအချက်များကြောင့် အဖြစ်များလေ့ရှိပါတယ်။

၁) Application တွေ ခဏခဏတင်ခြင်း၊ ဖျက်ခြင်း Built in memory ထဲမှာ သိုလှောင်ထားတဲ့ အပိုင်းမှာ App တွေတင်ရင် ကိုယ်မသိလိုက်ဘဲ အလိုအလျောက် နောက်ကွယ် Build in memory ထဲမှာ Data File တွေဖွင့်သွားတတ်ပါတယ်။ တစ်ချို့ App တွေဆိုရင် Uninstall ပြန်လုပ်ပေမယ့်လည်း ဆက်ပြီးတော့ Data တွေကျန်ခဲ့တာမျိုး ရှိပါတယ်။ (SD Card ထဲကို Install လုပ်ထားတဲ့ App တွေဆိုရင်တော့ ပြဿနာရှိမှာ မဟုတ်ပါဘူး)

၂) Game ဆော့များခြင်းက ကိုယ်ရဲ့ ဆော့လက်စ ဂိမ်းတွေက ဘယ်အခန်းရောက်ပြီ၊ ဘယ်အချိန်က နောက်ဆုံး ဆော့ထားတာ စတဲ့ အချက်အလက်တွေကို ဘယ်နေရာမှာ သိမ်းထားတယ်ထင်လဲ။ စဉ်းစားကြည့်လိုက်ပါ။ Game တစ်ခုကိုထည့်ရင် 1 MB ရှိတယ်ဆိုပါစို့၊ ဒါဟာ လုံးဝ မဆော့ရသေးခင် အချိန်မှာပါ။ ဆော့ပြီးသွားရင်တော့ ဆော့လက်စ အခန်းတွေ ပုံတွေ ဒါတွေကို သက်သက်သိမ်းထားရတဲ့ Data File တွေထပ်တိုးလာပါတယ်။ ဒါကြောင့် Built in memory မှာပိုများပြီး ကျပ်ညပ်လာတတ်တာမျိုးလဲ ဖြစ်တတ်ပါတယ်။

၃) SD Card မသုံးခြင်းအပေါ်က အချက်တွေကို ဖြေရှင်းမဲ့နည်းကတော့ SD Card သုံးထားရင် သက်သာစေပါတယ်။ မိမိဆော့တဲ့ Game File တွေ တင်ထားတဲ့ App တွေ စသည့် Data တွေကို SD Card ထဲမှာ ရွေ့ပြီး သိမ်းလိုက်မယ်ဆိုရင် Built in memory အသုံးပြုခြင်း လျော့နည်းစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ App တွေဟာ Built in memory ကလွဲရင် SD Card ထဲကို ရွေ့ပြောင်းခြင်း ခွင့်မပြုပါဘူး။

ဒါကြောင့် အတိုချုံပြီး ပြောရရင် SD Card ထဲကို App တွေ Game တွေကို စကတည်း Install လုပ်ထားသင့်ပါတယ်။

ဒီတော့ နောက်ဆုံး အဲလိုဖြစ်လာပြီ။ လေးလာပြီ နှေးလာပြီဆိုရင် မိမိဖုန်းကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကအချက်ပါ။

၁) အဲလိုလေးလံလာရင် မိမိဖုန်းရဲ့ Build in memory ဘယ်လောက်ကျန်သေးလဲဆိုတာကို အရင်ဝင်စစ်ကြည့်ပါ။ Setting အောက်က App အောက်မှာ ၀င်ရောက်ကြည့်ရင် တွေ့ရပါလိမ့်မည်။ App ထဲမှာ MB အများဆုံးတွေကို Clear Cache လုပ်ပါ။

၂) တစ်ခုခြင်း ရှင်းတာ တောင်မရတော့ဘူးဆိုရင်တော့ နောက်ဆုံး ဘာလုပ်လို့ရနိုင်မလဲဆိုတာက ရိုးရှင်းပါတယ်။ Factory Restart ချလိုက်ရုံပါပဲ။ Setting ထဲက Backup & Reset အောက်မှာဝင်ပြီး Factory data reset ချလိုက်ရင် ဖုန်းက ၀ယ်လာတဲ့အတိုင်း ပြန်ဖြစ်သွားပြီး Built in memory ထဲက Data တွေအကုန်ရှင်းသွားပါလိမ့်မယ်။ ဒါပေမယ့် ကြိုတင်သိထားရမှာက တင်ထားသမျှ ဂိမ်းတွေနဲ့ App တွေ Contact List တွေ SD Card ထဲကမဟုတ်တာ မှန်သမျှ အကုန်ကုန်ပါလိမ့်မယ်။

ဒီလိုမကုန်အောင် ဘယ်လို Backup ဆွဲထားမလဲ ဆိုတာကတော့ မိမိအိမ်မှာ Computer နဲ့ဆိုရင်တော့ ပိုပြီး အဆင်ပြေနိုင်ပေမဲ့ ဖုန်းထဲမှာတော့ ခက်ခဲပါလိမ့်မယ်။ လုပ်ဆောင်ရမှာက ရှိသမျှ လိုသမျှတွေ Backup ဆွဲမယ်။ ပြီးရင် Factory data reset ချမယ်။ ပြီးရင် Backup လုပ်ထားတဲ့ဟာတွေကို Restore ပြန်ခေါ်လိုက်ရင် အဆင်ပြေပါပြီ။

Credit: Originl Aurthor 
Source : Internet
အရင်ဆုံး Memory Stroage အကြောင်းလေးကို ပြောပြချင်ပါတယ်။ Memory stroage လို့ပြောလိုက်ရင် အရင်ဆုံး အလွယ်ပြေးမြင်လို့ရတာ SD Card ပါ။ တကယ်တော့ SD Card ဆိုတာ Memory Stroage လို့ပြောလို့ရပေမဲ့ ဖုန်းရဲ့ ROM ပိုင်း System ပိုင်းတွေနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိပါဘူး။


အပိုထည့်သွင်းထားတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ ပိုပြီး မြင်သာသွားအောင် ပြောရရင် SD Card မပါလဲ ဖုန်းဟာ ဆက်ပြီး အလုပ်လုပ်နေဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလက်ရှိ သုံးနေကြတဲ့ ဖုန်းတွေဟာ ဖုန်းထုတ်လုပ်တည်းကပါတဲ့ Bulit in memory ပါဝင်ပါတယ်။ အဲဒီ Build in memory ပေါ်မှာသာ ROM ကိုတင်ပြီး အသုံးပြုနေရခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် ဖုန်းဝယ်သူ တော်တော်များများဟာ SD Card ဘယ်လောက်စိုက်လို့ရလဲ ဘယ်လောက်ပါလဲဆိုတာကိုပဲ ကြည့်လေ့ရှိကြပါတယ်။ 


Build in memory ဘယ်လောက်ပါလဲဆိုတာကို ကြည့်လေ့မရှိကြပါဘူး။ ဒီတော့ အဲဒီ Build in memory ပေါ်မှာ ROM တင်ထားတာ ဖြစ်တယ်ဆိုတာသိရင် ဖုန်းဘာကြောင့် လေးရလဲဆိုတာကို အလွယ်ပြောလို့ ရပါပြီ။ အဲဒီ Build in memory ပြည့်လုနီးနီး ဖြစ်သွားတာ (သို့) အဲဒီထဲက File တွေ ရှုပ်ထွေးနေတာလို့ ပြောရင်ရပါပြီ။ ဥပမာ - Build in memory 1 GB ပါတဲ့ ဖုန်းကို ၀ယ်လိုက်တယ်ဆိုပါစို့ ၊ တင်ထားတဲ့ ROM က တ၀က်ကျော်ကျော်လောက်ကို ကျိမ်းသေ နေရာယူပါတယ်။


ပြောရရင် ဖုန်းရဲ့ Build in memory က ၀ယ်ကတည်းက တ၀က်ကျော်ကျော် သုံးထားပြီးသား ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဆက်ပြီးသုံးမယ်ဆို ပြည့်ပြည့်သွားခြင်း ၊ ရှုပ်ထွေးခြင်းတွေ ဖြစ်သွားတဲ့အတွက် ဖုန်းတွေ လေးလံနှေးကွေးရခြင်း ဖြစ်ပါတယ်။


နောက်ထပ်ဖြစ်လာမဲ့ မေးခွန်းတစ်ခုကတော့ ဘာကြောင့် Built in memory ကပြည့်သွားရတာလဲ ဆိုတာပါ။ ဒါကတော့ အမျိုးမျိုး ဖြစ်နိုင်ပေမဲ့ အကြမ်းဖြင့်အားဖြင့် အောက်ပါအချက်များကြောင့် အဖြစ်များလေ့ရှိပါတယ်။


၁) Application တွေ ခဏခဏတင်ခြင်း၊ ဖျက်ခြင်း Built in memory ထဲမှာ သိုလှောင်ထားတဲ့ အပိုင်းမှာ App တွေတင်ရင် ကိုယ်မသိလိုက်ဘဲ အလိုအလျောက် နောက်ကွယ် Build in memory ထဲမှာ Data File တွေဖွင့်သွားတတ်ပါတယ်။ တစ်ချို့ App တွေဆိုရင် Uninstall ပြန်လုပ်ပေမယ့်လည်း ဆက်ပြီးတော့ Data တွေကျန်ခဲ့တာမျိုး ရှိပါတယ်။ (SD Card ထဲကို Install လုပ်ထားတဲ့ App တွေဆိုရင်တော့ ပြဿနာရှိမှာ မဟုတ်ပါဘူး)


၂) Game ဆော့များခြင်းက ကိုယ်ရဲ့ ဆော့လက်စ ဂိမ်းတွေက ဘယ်အခန်းရောက်ပြီ၊ ဘယ်အချိန် က နောက်ဆုံး ဆော့ထားတာ စတဲ့ အချက်အလက်တွေကို ဘယ်နေရာမှာ သိမ်းထားတယ်ထင်လဲ။ စဉ်းစား ကြည့်လိုက်ပါ။ Game တစ်ခုကိုထည့်ရင် 1 MB ရှိတယ်ဆိုပါစို့၊ ဒါဟာ လုံးဝ မဆော့ရသေးခင် အချိန်မှာပါ။ ဆော့ပြီးသွားရင်တော့ ဆော့လက်စ အခန်းတွေ ပုံတွေ ဒါတွေကို သက်သက်သိမ်းထားရတဲ့ Data File တွေထပ်တိုးလာပါတယ်။ ဒါကြောင့် Built in memory မှာပိုများပြီး ကျပ်ညပ်လာတတ်တာ မျိုးလဲ ဖြစ်တတ်ပါတယ်။


၃) SD Card မသုံးခြင်းအပေါ်က အချက်တွေကို ဖြေရှင်းမဲ့နည်းကတော့ SD Card သုံးထားရင် သက်သာစေပါတယ်။ မိမိဆော့တဲ့ Game File တွေ တင်ထားတဲ့ App တွေ စသည့် Data တွေကို SD Card ထဲမှာ ရွေ့ပြီး သိမ်းလိုက်မယ်ဆိုရင် Built in memory အသုံးပြုခြင်း လျော့နည်းစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ App တွေဟာ Built in memory ကလွဲရင် SD Card ထဲကို ရွေ့ပြောင်းခြင်း ခွင့်မပြုပါဘူး။


ဒါကြောင့် အတိုချုံပြီး ပြောရရင် SD Card ထဲကို App တွေ Game တွေကို စကတည်း Install လုပ်ထား သင့်ပါတယ်။


ဒီတော့ နောက်ဆုံး အဲလိုဖြစ်လာပြီ။ လေးလာပြီ နှေးလာပြီဆိုရင် မိမိဖုန်းကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကအချက်ပါ။


၁) အဲလိုလေးလံလာရင် မိမိဖုန်းရဲ့ Build in memory ဘယ်လောက်ကျန်သေးလဲဆိုတာကို အရင်ဝင်စစ်ကြည့်ပါ။ Setting အောက်က App အောက်မှာ ၀င်ရောက်ကြည့်ရင် တွေ့ရပါလိမ့်မည်။ App ထဲမှာ MB အများဆုံးတွေကို Clear Cache လုပ်ပါ။


၂) တစ်ခုခြင်း ရှင်းတာ တောင်မရတော့ဘူးဆိုရင်တော့ နောက်ဆုံး ဘာလုပ်လို့ရနိုင်မလဲဆိုတာက ရိုးရှင်းပါတယ်။ Factory Restart ချလိုက်ရုံပါပဲ။ Setting ထဲက Backup & Reset အောက်မှာဝင်ပြီး Factory data reset ချလိုက်ရင် ဖုန်းက ၀ယ်လာတဲ့အတိုင်း ပြန်ဖြစ်သွားပြီး Built in memory ထဲက Data တွေအကုန်ရှင်းသွားပါလိမ့်မယ်။ ဒါပေမယ့် ကြိုတင်သိထားရမှာက တင်ထားသမျှ ဂိမ်းတွေနဲ့ App တွေ Contact List တွေ SD Card ထဲကမဟုတ်တာ မှန်သမျှ အကုန်ကုန်ပါလိမ့်မယ်။


ဒီလိုမကုန်အောင် ဘယ်လို Backup ဆွဲထားမလဲ ဆိုတာကတော့ မိမိအိမ်မှာ Computer နဲ့ဆိုရင်တော့ ပိုပြီး အဆင်ပြေနိုင်ပေမဲ့ ဖုန်းထဲမှာတော့ ခက်ခဲပါလိမ့်မယ်။ လုပ်ဆောင်ရမှာက ရှိသမျှ လိုသမျှတွေ Backup ဆွဲမယ်။ ပြီးရင် Factory data reset ချမယ်။ ပြီးရင် Backup လုပ်ထားတဲ့ဟာတွေကို Restore ပြန်ခေါ် လိုက်ရင် အဆင်ပြေပါပြီ။

Tuesday, 28 October 2014

Zapya ဆိုတဲ့ဆော့ဝဲလေးပါ

Zapya ဆိုတဲ့ဆော့ဝဲလေးပါ Computer & Lap Top နှင့် Android ဖုန်းများ ကို Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ

Post By အိုင်တီတောသူလေး 29 Oct 2014

 


 ဒီဆော့ဝဲလ်လေးကို Andriod ဖုန်းတွေတော်တော်များများတွေ့ဘူးပါလိမ့်မယ် အခုတင်ပေးထားကတော့
ကွန်ပျူတာ နှင့် lap top တွေမှာ ကနေ File တွေ ကို Andriod ဖုန်းဆီကို ပို့ချင်ရင် သုံးလို့ရပါတယ် ။
လိုအပ်ရင်အောက်ကလင့်မှာ ဒီမှာ ဒေါင်းယူလိုက်ပါ။ 

 Zapya 2.1.0 Final
 (OR)
   Zapya 2.1.0 Final 

အိုင်တီတောသူလေး

Sunday, 26 October 2014

Mozilla Firefox အတွက် Themes

Post By အိုင်တီတောသူလေး 27 Oct 2014

 
                                                      
Mozilla Firefox ကို themes လှလှလေး ၀တ်ပေးရအောင်။သူငယ်ချင်းတိုရဲ့ Mozilla လေးလှသွားချင်ရင်
အောက်ကလင့်လေးကိုသွားပြီး ကြိုက်နှစ်သက်ရာ theme လေးများကို ပြောင်းပေးလို့ရ ပါတယ်။(မသိသေးတဲ့ သူငယ်ချင်းများ အတွက်ပါ။)

အိုင်တီတောသူလေး

Saturday, 25 October 2014

ဗိုလ်ချုပ်အောင်ဆန်း ပိုက်ဆံ လေးတွေပါ

ဗိုလ်ချုပ်အောင်ဆန်း ပိုက်ဆံ လေးတွေပါ။

ဒီတစ်ခါတော့ Myanmar နိုင်ငံရဲ့ အမှတ်ရစရာ ချစ်မြတ်နိုးစရာကောင်းတဲ့ နိုင်ငံခေါင်းဆောင်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမှတ်တရ ပိုက်ဆံပုံလေးတွေကို သူငယ်ချင်းတွေ သတိတရနဲ့ ဖြစ်အောင် တင်ပေးလိုက်ပါတယ်ဗျာ။နောင်လာနောက်သားတွေလဲ ဗဟုသုတရအောင်လို့ ပါ။ဒီ ပိုက်ဆံပုံလေးတွေက တော်တော် နှစ်တွေကြာခဲ့ပါပြီဗျာ။မသိသေးတဲ့ သူငယ်ချင်းတွေ ရှိနေသေးရင်လဲ ဗဟုသုတအနေနဲ့ အောက်မှာ ကြည့်သွားလိုက်ပါနော်။ဒီပုံလေးတွေကို ရထားတာတော့ ကြာပါပြီဗျာ။အခု မှ အားလို့ တင်ပေးလိုက်ရတာပါ။နောက်ကျသွားရင် ဒီ Post လေးတင်ရင်းနဲ့ ပဲ တောင်းပန်ပါရစေ။
  မြန်မာနိုင်ငံသားတွေ အားလုံး ဗိုလ်ချုပ်အောင်ဆန်းလို နှလုံးသားလေးတွေ လှနိုင်ကြပြီး စည်းကမ်းလေးတွေ ရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။





 


အိုင်တီတောသူလေး

Computer & Lap Top ၀ယ်မယ်ဆိုရင် ဘာတွေသိသင့်သလဲ

Computer & Lap Top ၀ယ်မယ်ဆိုရင် ဘာတွေသိသင့်သလဲ

Post By အိုင်တီတောသားလေး 26 Oct 2014



ကွန်ပျူတာကို ထိတွေ့ ကိုင်တွယ် အသုံးပြု ၀ယ်ယူတော့မယ်ဆိုရင် ဘယ်လို ကွန်ပျူတာ အမျိုးအစားကို ၀ယ်သင့်တယ်။ကွန်ပျူတာရဲ့ ဘာတွေ ကို သိထားဖို့လိုတာလဲ။ပြီးတော့ ကွန်ပျူတာရဲ့ အကြောင်းအရာများအားလုံးကို မြန်မာလို ဘာသာပြန်ပေးထားတဲ့ EBook လေးတစ်ခုနဲ့ သူငယ်ချင်းတွေကို မိတ်ဆက်ပေးပါရစေဗျာ။တစ်ချို့ဆို ရှိပါတယ်။ကွန်ပျူတာ အကြောင်းဘာမှ နားမလည်ပဲ သွားဝယ်ခဲ့မယ်ဆိုရင် ဆိုင်က ကို့ကို မသိဘူးဆိုပြီး မကောင်းတာတွေ ရောင်းလိုက်မိရင် ကိုက ခံရတာပဲ လေ။အဲ့တော့ ကိုက ကွန်ပျူတာ ၀ယ်ရင် ပစ္စည်းတွေရဲ့  Quality ကို သိအောင်လုပ်ထားဖို့ လိုပါတယ်။ကဲ သူငယ်ချင်းတွေ လိုချင် အောက်မှာ Download လေးယူသွားလိုက်ပါဦးနော်။

 (ဒီ မှာ Download ယူသွားလိုက်ပါနော်။)

အိုင်တီတောသူလေး

DVD တွေကိုအကောင်းဆုံးကူးပေးနိုင်တဲ့ DVD Fab( for PC)

DVD တွေကိုအကောင်းဆုံးကူးပေးနိုင်တဲ့ DVD Fab( for PC) 

Post By အိုင်တီတောသူလေး 26 Oct 2014


DVD တွေကိုခွေကူးပေးရာမှာအကောင်းဆုံးကူညီပေးမဲ့ DVD Fab
ဆော့ဖ်ဝဲလေးပါ. ဒီကောင်လေးက ခွေကူးပေးရာမှာ Backup လဲ
လုပ်ပေးနိုင်တယ်လို့ဆိုထားပါတယ်.. ဒါ့အပြင် ISO ဖိုင်တွေအနေ
နဲ့လဲကူးပေးနိုင်တယ်လို့ဆိုထားပါတယ်.. အောက်မှာဖတ်ကြည့်ပြီး
လေ့လာနိုင်ပါတယ်ဗျာ. လိုချင်ရင်တော့အောက်မှာဒေါင်းယူသွာပါဗျာ. 


DVDFab DVD Copy is the most powerful and flexible DVD copying/burning software which can copy and backup any DVD to DVDR or hard drive with just one or a few clicks. 8 copy modes and various settings enable you to copy and personalize DVD into your preferred one. In addition, the speed is very fast, and the quality is excellent. It must be a wonderful experience for you.
Features Highlight:
1. 8 DVD Copy modes available: Full Disc, Main Movie, Split, Customize, Customize Split, Clone, Merge and Write Data.
2. Full Disc: All movies, menus and trailers are copied with just one click.
3. Main Movie: Just copy the main movie.
4. Split: Copy a DVD-9 to two DVD-5 discs with 100% quality, and preserve original menus on both discs.
5. Customize: Under this mode, you can choose just your favorite titles, specify the title playback order, with or without original menus, to create a DVD with the very stuff you want!
6. Customize Split: Copy a DVD-9 to two DVD-5 discs using Customize way.
7. Clone: Make perfect 1:1 bit-to-bit copy of DVDs.
8. Merge: Combine several titles of several sources into one DVD.
9. Write Data: Burn existing DVD folder / ISO image file to DVD writer, or convert DVD folder to ISO image file.
10. Copy with specific audio/subtitle.
11. Remove all DVD copy protections, like CSS, CPPM, RC, RCE, APS, UOPs, ARccOS, RipGuard, FluxDVD, CORE X2, etc.
12. Constantly updated to support latest DVD movies, DVD burners and blank DVD discs.
13. Preview title like real DVD player.
14. Copying/burning progress can be viewed in detail.
15. Burn to any blank DVD Disc (DVD+R/RW, DVD-R/RW, DVD+R DL, DVD-R DL).
16. Compress DVD-9 to DVD-5.
17. Recovery from DVD reading (VOB) error.
18. Support both NTSC and PAL DVD.
19. Added support for a new copy protection as found on "True Grit" (US)
20. Added support a new copy protection as found on "Battle: Los Angeles" (US).

ဒေါင်းယူပါ   http://www.solidfiles.com/d/fdc4886cbf/DVDFab9026_by_mmitsky.rar

အိုင်တီတောသူလေး 

PDF ဖိုင်တွေကို WORD အဖြစ်ပြောင်းလဲနိုင်ဖို့အတွက် PDFZILLA

PDF ဖိုင်တွေကို WORD အဖြစ်ပြောင်းလဲနိုင်ဖို့အတွက် PDFZILLA 3.1.0 with crack

Post By အိုင်တီတောသူလေး 26 Oct 2014


ဒါလေးကတော့ PDF ဖိုင်တွေကို နဲနဲပါးပါး ပြင်ချင်တယ်ဆိုရင် ဝင်ပြင်လို့

ရအောင်လုပ်နိုင်ဖို့အတွက် word ကိုအရင်ပြောင်းပေးရပါတယ်

PDF ကနေ word ကိုပြောင်းဖို့ဆိုရင် PDFZILLA လေးကလည်း ကောင်းပါတယ်

လွယ်လွယ်ကူကူ ပြောင်းချင်တယ် ဆိုရင် ဒါလေးကို ဒေါင်းယူ ဆောင်ထားလိုက်ပါ

အထဲမှာ Crack ဖိုင် ကို rar  ဖိုင်ဖြည်တဲ့အခါ အထဲက SND မှာ ဝင်ယူလိုက်ပါ


အိုင်တီတောသူလေး

Software မလိုပဲ Android GSM ဖုန်းများတွင် Network mod ပြောင်းနည်း

Software မလိုပဲ Android GSM ဖုန်းများတွင် Network mod ပြောင်းနည်း

Android GSM ဖုန်းများတွင် Network Preferred mod မပါသော Rom များတွင် ကြိုက်ရာ mod ပြောင်းနည်း (software မလို)

Post By အိုင်တီတောသူလေး 25 Oct 2014
  GSM android ဖုန်းရဲ့ Custom rom ပဲဖြစ်ဖြစ် Official rom ပဲဖြစ်ဖြစ် Network Preferred မပါတဲ့အခါ 3G တက်အောင် ဆော့ဝဲလ် မလိုဘဲ လုပ်တဲ့နည်းပါ။ ကိုကြို့က်တဲ့ network ကို သုံးလို့ရပါတယ်။
Dial ကိုဖွင့်လိုက်ပါ။ Phone ကို ပြောတာပါ။
*#*#4636#*#*
ရိုက်လိုက်ပါ။ Phone Testing ကိုပီး ကျလာပါလိမ့်မယ်။ အဲဒီထဲက
Phone Information ကို နှိပ်လိုက်ပါ။ အောက်နားမှာ ကိုကြိုက်တဲ့ network ကိုပြောင်းပီး
              Back နဲ့ ပြန်ထွက်လိုက်ပါ။ reboot ချစရာလည်းမလိုပါဘူး။ အင်တာနက်ဖွင့်လိုက်ရင်           ခုနက ရွေးထားတဲ့အတိုင်း တက်လာပါလိမ့်မယ်။ 
အိုင်တီတောသူလေး

Friday, 24 October 2014

ကွန်ပျူတာပေါ်မှာ Android App & Game Apk Logo ပုံလေးတွေပေါ်အောင်

ကွန်ပျူတာပေါ်မှာ Android App & Game Apk Logo ပုံလေးတွေပေါ်အောင်



မိမိတို့ ကွန်ပျူတာပေါ်မှာ Android App & Game Apk ဖိုင်လ်လေးတွေရဲ့ Logo လေးတွေ မြင်နိုင်ဖို့အတွက်ပါ... သေချာအောင် Software လေးတင်ပေးလိုက်ပါတယ်... ယခု Software လေးကို Install ပေးရမှာပါ... နောက်တစ်ကတော့ Next အဆင့်ဆင့်နဲ့ Install ပေးရပါ့မယ်... စာတွေကတော့ ဂျပန်စာ လိုလို တရုတ်စာလိုလို ပေါ်နေပါလိမ့်မယ် ကွန်ပျူတာက ပြလာတဲ့ အတိုင်း Install ပေးလိုက်ပါ... 
Click Here to Download


အိုင်တီတောသူလေး

Thursday, 23 October 2014

Computer & Lap Top တစ်ခုလုံးရဲ့အသုံးဝင်ပုံလေးများ

Computer & Lap Top တစ်ခုလုံးရဲ့အသုံးဝင်ပုံလေးများ


ဒီနေ့ကျနော်တို့ကွန်ပျူတာကိုအစဉ်မြဲသုံးနေကြတဲ့ရွှေညီအကိုအားလုံးကိုချစ်ခင်လေးစားစွာနဲ့
ကွန်ပျူတာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံလေးကိုအောက်မှာဖော်ပြပေးထားပါတယ်။
သိပြီးကြသူတွေလည်းများမယ်ထင်ပါတယ်၊မသိကြသေးတဲ့ချစ်မိတ်ဆွေအားလုံးအတွက်လိုအပ်တာ
လေးတွေရှိခဲ့ရင်အဆင်ပြေအောင်ပါ။ရေးမှားပြောမှားတာတွေရှိရင်လည်းခွင့်လွတ်နားလည်ပေး

လိမ့်မယ်လို့မျော်လင့်ပါတယ်၊မြန်မာစာမရေးဖြင့်တာလည်းနှစ်ကတောတောကြာသွားပါပြီ။
မြန်မာစာနဲ့တော့ဘာသာမပြန်တော့ပါဘူးစာလုံးတွေကရှင်းရှင်းလေးတွေဆိုတော့၊၊၊၊၊၊၊၊၊၊၊၊



အဆင့်၁။General keyboard shortcuts

Ctrl + A = Select all
Ctrl + C = Copy the highlighted content to clipboard
Ctrl + V
= Paste the clipboard content
Ctrl + N
= New (Create a new document, not in terminal)
Ctrl + O
= Open a document
Ctrl + S
= Save the current document
Ctrl + P
= Print the current document
Ctrl + W
= Close the close document
Ctrl + Q
= Quit the current application


အဆင့်၂။Keyboard shortcuts for GNOME desktop

Ctrl + Alt + F1 = Switch to the first virtual terminal
Ctrl + Alt + F2(F3)(F4)(F5)(F6)
= Select the different virtual terminals
Ctrl + Alt + F7
= Restore back to the current terminal session with X
Ctrl + Alt + Backspace
= Restart GNOME
Alt + Tab
= Switch between open programs
Ctrl + Alt + L
= Lock the screen.
Alt + F1
= opens the Applications menu
Alt + F2
= opens the Run Application dialog box.
Alt + F3 = opens the Deskbar Applet
Alt + F4
= closes the current window.
Alt + F5 = unmaximizes the current window.
Alt + F7
= move the current window
Alt + F8
= resizes the current window.
Alt + F9 = minimizes the current window.
Alt + F10
= maximizes the current window.
Alt + Space = opens the window menu.
Ctrl + Alt + +
= Switch to next X resolution
Ctrl + Alt + -
= Switch to previous X resolution
Ctrl + Alt + Left/Right
= move to the next/previous workspace


အဆင့်၃။Keyboard shortcuts for Terminal


Ctrl + A = Move cursor to beginning of line
Ctrl + E = Move cursor to end of line
Ctrl + C
= kills the current process.
Ctrl + Z
= sends the current process to the background.
Ctrl + D
= logs you out.
Ctrl + R
= finds the last command matching the entered letters. Enter a letter, followed by Tab + Tab = lists the available commands beginning with those letters.
Ctrl + U
= deletes the current line.
Ctrl + K
= deletes the command from the cursor right.
Ctrl + W
= deletes the word before the cursor.
Ctrl + L
= clears the terminal output
Shift + Ctrl + C
= copy the highlighted command to the clipboard.
Shift + Ctrl + V (or Shift + Insert)
= pastes the contents of the clipboard.
Alt + F = moves forward one word.
Alt + B = moves backward one word.
Arrow Up/Down = browse command history
Shift + PageUp / PageDown
= Scroll terminal output


အဆင့်၎။Keyboard shortcuts for Compiz

Alt + Tab = switch between open windows
Win + Tab
= switch between open windows with Shift Switcher or Ring Switcher effect
Win + E
= Expo, show all workspace
Ctrl + Alt + Down
= Film Effect
Ctrl + Alt + Left mouse button
= Rotate Desktop Cube
Alt + Shift + Up
= Scale Windows.
Ctrl + Alt + D = Show Desktop
Win + Left mouse button
= take screenshot on selected area
Win + Mousewheel = Zoom In/Out
Alt + Mousewheel
= Transparent Window
Alt + F8
= Resize Window
Alt + F7
= Move Window
Win + P
= Add Helper
F9
= show widget layer
Shift + F9
= show water effects
Win + Shift + Left mouse button
= Fire Effects
Win + Shift + C
= Clear Fire Effects
Win + Left mouse button
= Annotate: Draw
Win + 1
= Start annotation
Win + 3
= End annotation
Win + S
= selects windows for grouping
Win + T
= Group Windows together
Win + U
= Ungroup Windows
Win + Left/Right
= Flip Windows


အဆင့်၅။Keyboard shortcut for Nautilus

Shift + Ctrl + N = Create New Folder
Ctrl + T
= Delete selected file(s) to trash
Alt + ENTER
= Show File/Folder Properties
Ctrl + 1
= Toggle View As Icons
Ctrl + 2
= Toggle View As List
Shift + Right
= Open Directory (Only in List View)
Shift + Left
= Close Directory (Only in List View)
Ctrl + S
= Select Pattern F2 = Rename File
Ctrl + A
= Select all files and folders
Ctrl + W = Close Window
Ctrl + Shift + W
= Close All Nautilus Windows
Ctrl + R = Reload Nautilus Window
Alt + Up
= Open parent directory
Alt + Left
= Back
Alt + Right
= Forward.
Alt + Home
= go to Home folder
Ctrl + L
= go to location bar
F9
= Show sidepane
Ctrl + H
= Show Hidden Files
Ctrl + +
= Zoo
m In
Ctrl + - = Zoom Out
Ctrl + 0
= Normal Size


အိုင်တီတောသူလေး

Microsoft Office Word 2013 ကိုလေ့လာအသုံးပြု ခြင်း

Microsoft Office Word 2013 ကိုလေ့လာအသုံးပြု ခြင်း (13.54 MP)


မင်္ဂလာပါဗျာ စာစီစာရိုက်ကို လေ့လာနေသူတွေအတွက် Microsoft Office Word 2013 ကိုလေ့လာအသုံးပြုခြင်း ရုံသုံးစာများရိုက်ခြင်း၊  စာတမ်းပြုစုခြင်း၊  စာအုပ်များ ထုတ်ဝေခြင်း၊ ဇယားကွက်များ ပြုလုပ်ခြင်း၊ စသည့်  တို့ကို   ပြုလုပ်သည့်   အခါ Microsoft Office Word နဲ့   အရမ်းကို   အလုပ်ဖြစ်ပါတယ်။ မိမိတို့ အနေနဲ့ Microsoft Office Word 2013 မရှိသေးပါက ဒီပိုစ့်မှာ ရယူနိုင်တယ်။


အိုင်တီတောသူလေး 

Blogger templates